ဘတ်ဂျက်ခွင့်ပြုချက်ရမယ်ဆိုရင် နယ်စပ်ဒေသကို ပိတ်သွားမယ်လို့ အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၈
လွှတ်တော်ကိုယ်စားလှယ်တွေထံကနေ ဘတ်ဂျက်ခွင့်ပြုချက်ရမယ်ဆိုရင် နိုင်ငံတောင်ပိုင်းဒေသနယ်စပ်များကို ပိတ်ပင်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတက လွှတ်တော်အတွင်းရှိ ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေအနေနဲ့ ကာလအတန်ကြာနှောင့်နှေးနေတဲ့ ဘတ်ဂျက်ခွင့်ပြုရေးကိစ္စတွေကို ခွင့်ပြုပေးစေလိုကြောင်း၊ ဘတ်ဂျက် ခွင့်ပြုချက်သာရမယ်ဆိုရင် နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသတွေကို ပိတ်ပင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေဟာ ယူကရိန်း နဲ့ အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမယ့်အစီအစဉ်တွေပါဝင်တဲ့ အမျိုးသားလုံခြုံရေးအတွက် တောင်းခံတဲ့ အမေရိကန်ဒေါ်လာ ၁ဝ၆ ဘီလျံ ရန်ပုံငွေ တောင်းခံထားမှုကို ပိတ်ပင်ထားကြောင်း သိရပါတယ်။
အမေရိကန်သမ္မတက "နယ်စပ်ဒေသတွေဟာ နှစ်ပေါင်းများစွာကြာ ရာနှုန်းပြည့် လုံခြုံမှုမရှိဘူး။ ကျွန်တော်တို့ဟာ ဘတ်ဂျက်ရန်ပုံငွေကိစ္စတွေကို အထက်လွှတ်တော်နဲ့ ဆွေးနွေးနေတယ်။ လွှတ်တော်က ကျွန်တော်တို့ကိုတောင်းခံထားတဲ့ ရန်ပုံငွေပေးခဲ့မယ်ဆိုရင် နယ်စပ်ဒေသတွေကို ပိတ်ပင်သွားမယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံအတွင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းသွားလာနေသူတွေနဲ့ပတ်သက်ပြီး အဖြေရှာနိုင်မယ်ဆိုရင် အမေရိကန်အတွက် အောင်ပွဲတစ်ခုဖြစ်လာမှာဖြစ်ကြောင်း အမေရိကန်သမ္မတ က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယားစစ်တပ်ပြော
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ