ကျောက်တံခါးမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်တစ်ခုကို KNU၊ PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ပြော
NSS - ဇန်နဝါရီ ၂၇
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်တစ်ခုကို KNU၊ PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၃ ရက်၊ ည ၁၀နာရီအချိန်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ချောက်တရာကျေးရွာအနီးရှိ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင်အမှတ် (၂၃၄)ကို အထက်ပါကဲ့သို့ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားတိုင်သည် ချောက်တရာကျေးရွာ၏ အနောက်ဘက် ကိုက်(၃၀၀)ခန့်အကွာရှိ တောင်ငူ-သာယာကုန်း ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည့် ဓာတ်အားတိုင်ဖြစ်ပြီး KNU၊PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် လျှပ်စစ်တာဝါတိုင်အမှတ် (၂၃၄)မှာ ပြိုလဲပျက်စီးသွားခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပျက်စီးသွားခဲ့သည့် လျှပ်စစ်တာဝါတိုင်ကို ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
နစကအစိုးရလက်ထက် ၂၀၂၁ ခုနှစ်မှ စတင်ကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ လျှပ်စစ်တာဝါတိုင်ပေါင်း (၈၉)တိုင် မိုင်းထောင်ဖောက်ခွဲခံခဲ့ရပြီး စုစုပေါင်း(၁၁၈)ကြိမ်အထိ ဖျက်ဆီးခံခဲ့ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သတင်းအချက်အ လက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရ်ှတွင် ဗီဇပြောင်းမူကွဲ ကိုရိုနာဗိုင်းရပ်စ်သစ်တွေ့ရှိ၊ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ