ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်(၃၃)စင်းနှင့် စစ်သင်္ဘော(၇)စင်းတို့ကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၂၇
ထိုင်ဝမ်ကျွန်းအနီး၌ ဇန်နဝါရီလ(၂၇)ရက်၊ နံနက်(၆)နာရီအထိ ပြီးခဲ့သည့်(၂၄)နာရီအတွင်း တရုတ်စစ်လေယာဉ်အစင်းရေ(၃၃)စင်းနှင့် စစ်သင်္ဘော(၇)စင်းတို့ကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၂၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါတွေ့ရှိမှုသည် ထိုင်ဝမ်ရွေးကောက်ပွဲကျင်းပပြီးနောက် ပိုင်း ကျွန်းအနီးတွင် တရုတ်၏အကြီးမားဆုံးအင်အားပြသမှုတစ်ခုဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ်ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်နိုင်ရန်အတွက် အင်အားသုံးဖြေရှင်းမှုများကို စွန့်လွှတ်သွားမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် တရုတ်စစ်လေယာဉ်(၃၃)စင်းအနက်မှ (၁၃)စင်းသည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်စစ်တပ်သည် အခြေအနေများကို ဆက်လက်စောင့်ကြည့်ခဲ့ပြီး လက်တုံ့ပြန်မှုများလုပ်ဆောင်ရန်အတွက် တိုက်လေယာဉ်များ၊ ရေတပ်သင်္ဘောများ နှင့် ဒုံးကျည်စနစ်များကို အသင့်အနေအထားဖြင့် ပြင်ဆင်ထားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်၏ မိုးပျံပူဖောင်း(၂)လုံးကိုလည်း ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။အမေရိကန်လွှတ်တော်အမတ်နှစ်ဦးသည် ထိုင်ဝမ်သမ္မတသစ် လိုင်ချန်တေး၊ ၎င်း၏ပြိုင်ဖက်သမ္မတလောင်း Hsiao Bi-khim တို့နှင့်တွေ့ဆုံရန် ထိုင်ဝမ်ကျွန်းသို့သွားရောက်လည်ပတ်ခဲ့ပြီးနောက် တရုတ်စစ်တပ်၏ အင်အားပြသမှုထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တံခါးမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်တစ်ခုကို KNU၊ PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ