တူရကီသို့ F-16 တိုက်လေယာဉ်များရောင်းချပေးရန် အမေရိကန်အစိုးရအတည်ပြု
Pika (NSS) - ဇန်နဝါရီ ၂၇
တူရကီနိုင်ငံက ဆွီဒင်နိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်အတည်ပြုပေးခဲ့ပြီးနောက် အမေရိကန်အစိုးရသည် လပေါင်းများစွာကြာဆွေးနွေးခဲ့သော အမေရိကန်ဒေါ်လာ(၂၃)ဘီလျံတန်ဖိုးရှိ F-16 တိုက်လေယာဉ်များ တူရကီသို့ရောင်းချပေးရန် သဘောတူညီချက်ကို ဇန်နဝါရီလ(၂၆)ရက်က အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
အမေရိကန်ဥပဒေအရ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါသဘောတူညီချက်ကို လွှတ်တော်သို့အကြောင်းကြားခဲ့ကြောင်းသိရသည်။ အမေရိကန်အစိုးရသည် ဂရိနိုင်ငံသို့ အမေရိကန်ဒေါ် လာ (၈ ဒသမ ၆)ဘီလျံတန်ဖိုးရှိ F-35s တိုက်လေယာဉ်အစီး (၄၀) ရောင်းချပေးခဲ့ကြောင်းလည်းသိရသည်။ ဆွီဒင်နိုင်ငံ၏ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ကို တူရကီက သဘောမတူမချင်း အမေရိကန်ဖက်က F-16 တိုက်လေယာဉ်များ ရောင်းချပေးရန် အစီအစဉ်ကို အတည်ပြုပေးခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နေတိုးအဖွဲ့၏(၇၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပမည်ဖြစ်ကြောင်းလည်းသိရသည်။ လာမည့်သီတင်းပတ်တွင် နေတိုးအဖွဲ့အထွေထွေ အတွင်း ရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ချ်သည် ဝါရှင်တန်ဒီစီသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းများအားလုံးကို အပ်နှံမည်ဖြစ်ကြောင်းလည်းသိရသည်။ တူရကီလွှတ်တော်သည် ဆွီဒင်နိုင်ငံ၏ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ကို ဇန်နဝါရီလ(၂၃)ရက်တွင် အတည်ပြုပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဆွီဒင်နိုင်ငံသည် တူရကီနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် ရှုမြင်ထားသော ကာဒစ်ရှ်လက်နက်ကိုင်အဖွဲ့ကို လက်ခံထားခြင်းနှင့်ပတ်သက်ပြီး ဆွီဒင်၏နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရရန် ကမ်း လှမ်းမှုများကို တူရကီသမ္မတအာဒိုဂန်က အစောပိုင်းတွင် ကန့်ကွက်ခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လီဗာပူးလ်အသင်း၏ နည်းပြသစ်က မည်သူဖြစ်မည်ကို ပြောကြားနိုင်ခြင်းမျိုးမရှိသေးကြောင်း နည်းပြယာဗင်ကလော့ထုတ်ဖော်ပြောဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ