ဆီးရီးယားနိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းမှာမဟုတ်ကြောင်း အမေရိကန်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၆
အမေရိကန်စစ်ဌာနချုပ်က ဆီးရီးယားနိုင်ငံမှာဖြန့်ကြတ်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်လည် ရုတ်သိမ်းမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ ဆီးရီးယားနိုင်ငံမှာ ဖြန့်ကြတ်ချထားတဲ့အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုတ်သိမ်း သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က တုံ့ပြန်ခဲ့တာပါ။ ဆီးရီးယားနိုင်ငံကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်လည်ရုတ်သိမ်းသွားမယ်ဆိုတဲ့သတင်းတွေဟာ မှန်ကန်မှုမရှိ ကြောင်း ဆိုပါတယ်။
အမေရိကန်အစိုးရဟာ အစွန်းရောက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ Islamic State (IS) တွေကို တိုက်ခိုက်ဖို့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ တပ်ဖွဲ့ဝင်ပေါင်း ၉ဝဝ ကျော် ဖြန့်ကြတ်ချထားပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေရှိနေတာက ဆီးရီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက်တွေကို ချိုးဖောက်ခြင်းမျိုး ဖြစ်ကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။ အမေရိကန်လွှတ်တော်ကလည်း ဆီးရီးယားနိုင်ငံမှာ ဖြန့်ကြတ်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းဖို့ ပြီးခဲ့တဲ့နှစ်အတွင်း တောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။
ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက Islamic State (IS) တွေကို ချေမှုန်းနိုင်ဖို့ ဆီးရီးယားအစိုးရအပြင် ကဒ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အစီအစဉ်တွေကို ဆွေးနွေးနေ ကြောင်း ဆိုပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အရှေ့ အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်ဥမင်ပြီးစီးပါက တစ်နာရီလျှင် လူပေါင်း (၁၄၀၀၀) ဖြတ်သန်းသွားလာနိုင်မည်
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ